Breaking News

ရုပ် နှင့် နာမ် ဆိုသည်မှာ ရင်သား လှပရန်အတွက် ယောဂလေ့ကျင့်ခန်း (၇) ခု စတီဗင်ဟော့ကင်း ထင်နေသော လူသားများကို ခြိမ်းချောက်နေသောအရာ ကြီးပွားတိုးတက် ချမ်းသာခြင်း၏ အကြောင်းရင်းများ မောင်ရွှေတိုးလေး

logo

DarkLight
  • Share Us
    • Facebook
    • Twitter
    • Google Plus
    • Linkedin
    • Pinterest
  • Home
  • Advertisement
  • Local News
  • International News
  • Health & Beauty
  • Interview
  • General Knowledge
  • Contact Us

Search form

HomeBlogsMMcities's blogသမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား လက်မှတ်ရေးထိုးလိုက်သော လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်၍ လိုက်နာရန် မူဝါဒများ ထုတ်ပြန်
သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား လက်မှတ်ရေးထိုးလိုက်သော လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်၍ လိုက်နာရန် မူဝါဒများ ထုတ်ပြန်

သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား လက်မှတ်ရေးထိုးလိုက်သော လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်၍ လိုက်နာရန် မူဝါဒများ ထုတ်ပြန်

Local News Apr 4,2016 50 0 MMcities
  • 1
  • 2
  • 3
  • 4
  • 5

 
 
နေပြည်တော်၊ ဧပြီ ၎
 
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုများကြောင့် အကျင့်စာရိတ္တပျက်ပြားမှု (corruption) များစွာဖြစ်ပေါ်နေပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်နေသဖြင့် အဂတိလိုက်စားမှုအလေ့အထကို အချိန်တိုကာလအတွင်း လုံးဝပျောက်သွားစေရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားသော “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်” ကို ဗဟိုရုံးများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပြည်နယ်/တိုင်း အစိုးရများအား ဧပြီလ ၁ ရက်(သောကြာနေ့) ရက်စွဲဖြင့် ပေးပို့ဖြန့်ဝေလိုက်သည်။
 
အဆိုပါလမ်းညွှန်ချက်၌ လက်ဆောင်ပစ္စည်းတွင် ငွေကြေးနှင့်တန်ဖိုးရှိသည့် ပစ္စည်းအပါအဝင် ရွှေ၊ ငွေ၊ လေယာဉ်လက်မှတ်၊ အခမဲ့တည်းခိုခ၊ အခမဲ့စားသောက်ခ၊ ဧည့်ခံကျွေးမွေးခြင်း၊ ဂေါက်သီးအသင်းဝင်ကြေး စသည်တို့ အကျုံးဝင်ပြီး မိမိရာထူးလုပ်ပိုင်ခွင့်၏ အကျိုးခံစားနိုင်သည့် လုပ်ရပ်တစ်ရပ်ကို လိုလား တောင်းခံသော အဖွဲ့အစည်း/ပုဂ္ဂိုလ်၊ မိမိတာဝန်ယူရသော အဖွဲ့အစည်း၊ ကြီးကြပ်ကွပ်ကဲရသော အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော၊ လုပ်ကိုင်ရန်ကြိုးပမ်းနေသော အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူးတာဝန်အရ လုပ်ဆောင်ရမည့် ကိစ္စ ရပ်တစ်ခုကို လုပ်ဆောင်ခြင်းကြောင့် အကျိုးခံစားမှုရှိသွားမည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်၊ မိမိရာထူး တာဝန်အရ လုပ် ဆောင်ရမည့် ကိစ္စရပ်တစ်ခုကို လုပ်ဆောင်ခြင်းမပြုသဖြင့် အကျိုးခံစားခွင့်ရှိသွားမည့် အဖွဲ့အစည်း/ လူပုဂ္ဂိလ် များ ထံမှ လက်ဆောင်ပစ္စည်းများ လက်ခံခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားသည်။
 
ကျပ်ငွေ ၂၅၀၀၀ ထက် မပိုသော လက်ဆောင်ပစ္စည်း၊ (အဖွဲ့အစည်း တစ်ခု/လူပုဂ္ဂိလ် တစ်ဦးထံမှ လက်ခံ ရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀၀ /- တန်ဖိုး ထက် မပိုစေရ)၊ မိသားစုဆက်ဆံရေး နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုအရ (တားမြစ်ထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ နှင့် အကျုံးမဝင်သူများ) ပေးသော လက်ဆောင်ပစ္စည်း၊ အခါကြီးရက်ကြီးမျးတွင် ဂါရဝပြုပေးအပ်သည့် ကျပ်ငွေ ၁၀၀၀၀၀/- ထက်မပိုသော လက်ဆောင် ပစ္စည်းများကိုသာ ခြွင်းချက်ဖြင့် လက်ခံခွင့်ပြုထားသည်။
 
လက်ခံခွင့်မရှိသော လက်ဆောင်ပစ္စည်းများ ပေးအပ်လာပါက ပေးအပ်သောလက်ဆောင်ပစ္စည်းကို ပြန်လည် ပေးအပ်ရန်၊ ပစ္စည်းကိုလက်ခံလိုပါက ကာလပေါက်ဈေးကို ပေးအပ်သူထံ ပြန်လည်ပေးအပ်ရန်၊ ကြာရှည် အထား မခံသောပစ္စည်းဖြစ်ပါက ဌာနတွင်းဝန်ထမ်းများအား ဖြန့်ဝေပေးရန်လည်း လမ်းညွှန်ထားသည်။
 
နိုင်ငံခြားအစိုးရက ပေးအပ်သောလက်ဆောင်ပစ္စည်းများအနက် ငွေတန်ဖိုး ကျပ် ၄၀၀၀၀၀/- မပိုသော လက်ဆောင်ပစ္စည်း၊ တရားဝင်ကိစ္စအတွက် ခရီးသွားလာစရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသစရိတ်များကိုသာ လက်ခံနိုင်ပြီး ထိုအချက်များနှင့် မကိုက်ညီသော်လည်း လက်ဆောင်ကိုငြင်းဆန်ခြင်းဖြင့် နှစ်ဖက်မျက်နှာပျက်ရမည့် ကိစ္စများတွင် လက်ဆောင်ပစ္စည်းကို လက်ခံနိုင်ပြီး ယင်းပစ္စည်းအား ဝန်ကြီးဌာန/ဌာနသို့ ပေးအပ်ရန် ဖြစ်သည်။
 
အထွေထွေညွှန်ကြားချက်အနေဖြင့် လက်ဆောင်ပစ္စည်းများကို သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက် သော်လည်းကောင်း တောင်းခံခြင်းမပြုရန်၊ မိမိရာထူးတာဝန်လုပ်ဆောင်မှုအပေါ် သြဇာလွှမ်းမိုးစေမည်ဟု ယူဆရ သောကိစ္စရပ်များအတွက် မည်သည့်လက်ဆောင်ပစ္စည်းမှ လက်ခံခြင်း မပြုရန်၊ လက်ခံခွင့်ရှိသော လက်ဆောင် ပစ္စည်းကိုပင် အကြိမ်ကြိမ်လက်ခံခြင်းမပြုရန်၊ လက်ဆောင်ပစ္စည်း ပေးအပ်လာပါက လက်ခံသည်ဖြစ်စေ၊ ငြင်းပယ် သည်ဖြစ်စေ အထက်အကြီးအကဲထံ အမြန်ဆုံးတင်ပြရန်၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအား ပေးအပ် သည့် လက်ဆောင်ပစ္စည်းများကိစ္စကို ဦးစီးရုံးများ၏ ဒုတိယညွန်ကြားရေးမှူးချုပ်များက နိုင်ငံတော်သမ္မတရုံးဝန်ကြီး ထံ အမြန်ဆုံးတင်ပြရန်ဟု ပါရှိသည်။
 
credit to irrawaddy

Tags: Local News
Previous Post
မြန်မာနှင့် ကိုရီးယား ပူးပေါင်းရိုက်ကူးထားသည့် 'ကြီးမြတ်သောမြန်မာ' 3D ရုပ်ရှင်ဇာတ်ကား ယခုနှစ်အတွင်း ရုံတင်ပြသရန်စီစဉ်
Next Post
အာရှ တော်ဝန်ဆေးရုံ M.D ဒေါက်တာ မြတ်သူ နှင့် အသေးစိတ် တွေ့ဆုံမေးမြန်းခြင်း

Related Posts

  • ရန်ကုန်မြို့၌ လျှပ်စစ်မီးရထား စတင်ပြေးဆွဲ

    ရန်ကုန်မြို့၌ လျှပ်စစ်မီးရထား စတင်ပြေးဆွဲ

  • မျက်နှာပေါ်က မွေးရာပါ အမှတ်အသား ဖယ်ရှားရန် ၇ ကြိမ်တိုင်တိုင် ခွဲစိတ်ကုသမှု ခံယူရမယ့် ချစ်စရာ ကလေး

    မျက်နှာပေါ်က မွေးရာပါ အမှတ်အသား ဖယ်ရှားရန် ၇ ကြိမ်တိုင်တိုင် ခွဲစိတ်ကုသမှု ခံယူရမယ့် ချစ်စရာ ကလေး

  • ငပျင်းတွေ ဘာကြောင့် ပိုပြီးအောင်မြင်နိုင်သလဲ။

    ငပျင်းတွေ ဘာကြောင့် ပိုပြီးအောင်မြင်နိုင်သလဲ။

  • ပန်းချီတစ်ဝက် အရာဝတ္တုတစ်ဝက် ဖန်တီးထားတဲ့ ဖက်ရှင်ဒီဇိုင်းများ

    ပန်းချီတစ်ဝက် အရာဝတ္တုတစ်ဝက် ဖန်တီးထားတဲ့ ဖက်ရှင်ဒီဇိုင်းများ

Popular Posts

ရုပ် နှင့် နာမ် ဆိုသည်မှာ
General Knowledge

ရုပ် နှင့် နာမ် ဆိုသည်မှာ

Apr 10, 2017 0
ရင်သား လှပရန်အတွက် ယောဂလေ့ကျင့်ခန်း (၇) ခု
Health & Beauty

ရင်သား လှပရန်အတွက် ယောဂလေ့ကျင့်ခန်း (၇) ခု

Apr 10, 2017 0
စတီဗင်ဟော့ကင်း ထင်နေသော လူသားများကို ခြိမ်းချောက်နေသောအရာ
General Knowledge

စတီဗင်ဟော့ကင်း ထင်နေသော လူသားများကို ခြိမ်းချောက်နေသောအရာ

Apr 10, 2017 0

Local News

ရွှေတိဂုံစေတီတော်အနီး မောင်းသူမဲ့ လေယာဉ်ဖြင့် ဓာတ်ပုံရိုက်သူ နှစ်ဦးကို ခေါ်စစ်ဆေး
Local News

ရွှေတိဂုံစေတီတော်အနီး မောင်းသူမဲ့ လေယာဉ်ဖြင့် ဓာတ်ပုံရိုက်သူ နှစ်ဦးကို ခေါ်စစ်ဆေး

  • 1
  • 2
  • 3
  • 4
  • 5
Total votes: 1
မြန်မာနှစ်ဦးလွတ်မြောက်ရေး ဆန္ဒပြသူအချို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ သွားရောက်၊ ဥပဒေအရအကူညီပေးမည်ဟု ဦးဝင်းထိန်ပြော
Local News

မြန်မာနှစ်ဦးလွတ်မြောက်ရေး ဆန္ဒပြသူအချို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ သွားရောက်၊ ဥပဒေအရအကူညီပေးမည်ဟု ဦးဝင်းထိန်ပြော

  • 1
  • 2
  • 3
  • 4
  • 5
Total votes: 1

Tags Cloud

Business Celeberity News General Knowledge Health & Beauty Heroscope Horoscope International News Interview IT News Local News
  • Local News
  • International News
  • Health & Beauty
  • Interview
  • General Knowledge
  • Contact Us

Office Address

No. 133, 47th Street (Upper),
Botahtaung Township,
Yangon.

Mobile : +95 (9) 500 448 68
Mobile : +95 (9) 250 013 123
eMail : info@mmcities.com

We provide also Myanmar Business Directory on Website and Mobile applications.

Flickr

    Our Facebook Page

     
     
    © All rights reserved. Developed by MM Cities.